လော့ကျနေတဲ့အကောင့်ကို
ပြန်လည်ဆည်ယူတဲ့နည်းကို
ဒီပို့စ်လေး မှာ ရေးခဲ့ပြီးပါပြီ
နောက်ဆက်တွဲပြဿနာအနေနဲ့
Facebook က ပို့လိုက်တဲ့ ကုဒ်ဟာ
Pinger ထဲကို ရောက်မလာဘူးဆိုတဲ့
Reply တွေ ကျွန်တော့ mail ထဲကို
ပို့ပြီး မေးမြန်းလာကြပါတယ် ..
ဒါကြောင့်ဒီပို့စ်လေးမှာတော့ အဲဒီလို ပြဿနာမျိုးဖြစ်နေရင် ဘယ်လိုဖြေရှင်းပြီး
ကုဒ်ရောက်လာအောင် လုပ်သလဲဆိုတာကို ဗွီဒီယိုဖိုင်လေးနဲ့ လုပ်ပြထားပါတယ်
မယ်မယ်ရရတော့မဟုတ်ပါဘူး ..
ကိုယ့် Pinger နဲ့ပါကို ပြန်ပြီး Message ပြန်ပို့လိုက်တာပါ
အဲဒီလို ပြန်ပို့တဲ့အခါမှာ နိုင်ငံကုဒ်ဖြစ်တဲ့ +44 ကို ထည့်ရင် အဆင်မပြေပါဘူး
ကဲ .. အောက်ကဗွီဒီယိုဖိုင်လေးမှာ လေ့လာကြည့်လိုက်ပါဦး ..
လိုင်းပေါ်မှာတင် ဗွီဒီယိုဖိုင်ကြည့်ဖို့ အဆင်မပြေတဲ့သူငယ်ချင်းတွေအတွက်
ဗွီဒီယိုဖိုင်ကို အလွယ်တကူ Download ယူနိုင်အောင် ဒီနေရာ မှာ တင်ပေးထားပါတယ်
ကဲ .. အဆင်ပြေကြပါစေဗျာ
နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး
Pinger က +1 us ph no. ဖြစ်နေတာဘယ်လိုလုပ်ရမှာလဲ
ReplyDelete၀င်ကတည်းက US ကိုတစ်ချက်ထောက်ပြီး UK ပြင်လိုက်ပါ
ReplyDeleteအကိုတို့ပြောတဲ့နည်းကလည်းကောင်းပါတယ် ဗီဒီယိုဖိုင်လေးနဲ့ပြတာလည်းကောင်းပါတယ်ခင်ဗျ အဲ့လို Contactsတွေ Name တွေ နဲ့လုပ်တဲ့နည်းထက်ပိုကောင်းတာလေးတွေ့လို့ ပြောပြချင်ပါတယ်တစ်ယောက်သိတာတစ်ယောက်မျှဝေချင်တဲ့သဘောပါခင်ဗျ .....အရင်ဆုံးစတွေ့တဲ့စာမျက်နှာ မှာNew call or SMS ဆိုတဲ့နေရာလေးရဲ့ဘေးမှာရှိတဲ့ မီနူးကီးပုံစံလေးကိုတစ်ချက်ကလစ်လိုက်ပါ အရင်ဆုံးတော့ကို့ဖုန်းနံပါတ်ကလေးကိုတော့အရင်မှတ်ထားရမှာပေါ့ခင်ဗျ အဲ့လိုမှတ်ပြီးရင် မီနူးကီးလေးကိုနှိပ်လိုက်ပါ ပြီးရင် တော့ နံပါတ်တွေနှိပ်ပြီးဖုန်းခေါ်တဲ့စာမျက်နှာကိုရောက်ပါပြီ ပြီးရင် ၀ ကိုနည်းနည်းကြာအောင်ဖိလိုက်ရင် + ဖြစ်သွားပါတယ် ပြီးရင် 44741839....စသည်ဖြင့်ပေါ့ကို့ရဲ့ နံပတ်လေးတွေကိုရိုက်လိုက်ပြီး အောင်ဖက်ကလေးမှာရှိတဲ့ SMS ဆိုတဲ့ခလုပ်ကလေးကိုနှိပ်လိုက်ပြီးရင်တော့ အကို့ရဲ့ဗီဒီယိုဖိုင်လေးထဲကအတိုင်း အဆင်ပြေတဲ့ စာလုံးတစ်ခုခု ဘာဖြစ်ဖြစ်ရပါတယ် hihihihဆိုလည်းရပါတယ် h တစ်လုံးထည်းလည်းရပါတယ် အဲ့လိုရိုက်ပြီး ပို့လိုက်ပါ ပြီးရင်တော့ Facebook ကမက်ဆေ့ လည်းတစ်ခါတည်းပါလာပါပြီခင်ဗျ...အားလုံးအဆင်ပြေကြပါစေခင်ဗျာ...
ReplyDeleteနောက်တစ်ခေါက် အဲ့လိုcode တောင်းရင်လည်း ဖုန်းနံပတ်ထပ်ဖြည့်စရာမလိုပါဘူးခင်ဗျ ပြီးတော့ကို့ Contacts ထဲကိုလည်း လိုက်မှတ်ရတဲ့ ကိစ္စတစ်ခုအေးပါတယ် ပြီးတော့အဲ့နံပတ်ကို အသုံးပြုပြီး အကောင့်နှစ်ခု စာ Code တောင်းလို့ရပါတယ် ဖုန်းနံပါတ်တစ်လံုးအကောင့်နှစ်ခု သုံးလို့ရပါတယ်
ReplyDeleteLock ကထပ်ကျပြီးcode ထပ်တောင်းတာ ပြန်လဲမပို့ဘူး ph no. လဲchange မရတော့ဘူး ဘယ်လိုပြန်လုပ်ရမလဲ အဲဒီနည်းနဲ့မရတော့တာလား
ReplyDeleteVPN နဲ့ လော့ခ်ဖြည်ကတည်းက Phone ကို Remove လုပ်ပေးရမှာပါ တကယ်လို့ remove မလုပ်ရင်တော့အရင်ဖုန်းနံပတ်မရှိရင်မရတော့ပါဘူး...အဲဖုန်းနံပတ်ရှိသေးတယ်ဆိုရင်တော့ VPNချိန်းပြီးအရင်လိုတောင်းလို့ရပါတယ်
ReplyDelete